Looking for more resources for supporting parents during COVID-19? Visit the Start Talking Now Facebook page.

မိဘများနှင့် ပြုစုစောင့်ရှောက်မှု ပေးသူများ

You are here

Home » မိဘများနှင့် ပြုစုစောင့်ရှောက်မှု ပေးသူများ

ဤဝက်ဘ်ဆိုက် တစ်ခုလုံးကို မြန်မာဘာသာဖြင့် ကြည့်ရှုရန် ကျေးဇူးပြု၍ ဤနေရာကို နှိပ်ပါ

ဤစာမျက်နှာတွင် အောက်ပါတို့နှင့် ပတ်သက်သည့် အချက်အလက်များပါဝင်သည်။

မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍ သင်၏ ဆယ်ကျော်သက်က ချမှတ်သည့် ဆုံးဖြတ်ချက်များတွင် သင်သည် အင်အား အကြီးမားဆုံးသော သြဇာလွှမ်းမိုးမှု ဖြစ်သည်။

သူငယ်ချင်းထက် ပိုသည်၊ ကျော်ကြားသူများထက် ပိုသည်။ သို့ဖြစ်ပါ၍ ဆေးခြောက်၊ အရက် သို့မဟုတ် အခြားမူးယစ်ဆေးဝါးများ မသုံးစွဲမှုအကြောင်း သင့်ထံမှ ကြားသိရန်နှင့် ခက်ခဲသည့် ကာလများအတွင်း ကုစားရန် ကျန်းမာရေးနှင့် ညီညွတ်သည့် နည်းလမ်းများ ရှာဖွေခြင်း အပါအဝင် ကျန်းမာရေးနှင့် ညီညွတ်သည့် ရွေးချယ်မှုများ ပြုလုပ်ရန်အတွက် သင်ယူရန်မှာ ဆယ်ကျော်သက်များအတွက် အရေးကြီးရခြင်းဖြစ်သည်။

သင်၏ ဆယ်ကျော်သက်နှင့် ဤခေါင်းစဉ်များအကြောင်း ဆွေးနွေးပြောဆိုရသည်မှာ ခက်ခဲနိုင်ပေသည်၊ သို့ရာတွင် ဤအရာသည် သင်၏ စောင့်ရှောက်ကြောင်း ပြသရန်၊ မျှော်မှန်းချက်များ ချမှတ်ရန်နှင့် ၎င်းတို့အား ဘေးကင်းပြီး ကျန်းမာရေးနှင့် ညီညွတ်စွာ ထိန်းသိမ်းစောင့်ရှောက်ရန် သင်လုပ်ဆောင်နိုင်သည့် အရေးအကြီးဆုံး အရာများအနက် တစ်ခုဖြစ်ကြောင်းကို သုတေသနပြုလုပ်မှုက ပြသပါသည်။ သင်၏ ဆယ်ကျော်သက်နှင့်အတူ သင်အချိန်ကုန်ဆုံးစေခိုက် စကားစမြည်ပြောဆိုခြင်းသည် အမှတ်မထင် ဖြစ်နိုင်သည်၊ တိုတောင်းသော ဆွေးနွေးပြောဆိုမှု ဖြစ်နိုင်သည်။ ဤစကားစမြည်ပြောဆိုခြင်းများအတွက် ပြင်ဆင်ရာတွင် သင့်အား အထောက်အကူပြုရန် အရက်၊ ဆေးခြောက်နှင့် ပတ်သက်၍ သင့်ကလေး မေးမြန်းကောင်း မေးမြန်းနိုင်သည့် မေးခွန်းများအတွက် အဖြေများ စာရင်းတစ်ခုကို ဤနေရာတွင် ပေးထားပါသည်။ လူတိုင်း တူညီကြသည် ဟူ၍ မရှိပေ၊ ထို့ကြောင့် သင့် ကိုယ်ပိုင် အမြင်များနှင့် အတွေ့အကြုံများအပေါ်တွင် အခြေခံလျက် သင့် တုံ့ပြန်မှုများကို အံဝင်ခွင်ကျ စီမံရန် သတိရပါ။ ဆွဲဆောင်မှုရှိပြီး ရိုးသားသည့် စကားစမြည်ပြောဆိုခြင်းတစ်ခု ရှိခြင်းသည် ပိုမို၍ပင် အင်အားကြီးမားသည့် သက်ရောက်မှုတစ်ခု ရှိလိမ့်မည်။

သင့်ဆယ်ကျော်သက်များနှင့် သင်ဆွေးနွေးပြောဆိုရာတွင် အထောက်အကူပြုရန် ထပ်ဆောင်း အရင်းအမြစ်များကို ဤနေရာတွင်ပေးထားပါသည်၊

မိဘများနှင့် ပြုစုစောင့်ရှောက်မှု ပေးသူများအတွက် အကြံပြုချက်များ။

သင့်ဆယ်ကျော်သက်နှင့် အချိန်ကုန်ဆုံးပါ၊ စကားစမြည် ပြောဆိုမှုကို မကြာခဏ ပြုလုပ်ပြီး ပျော်စရာ လုပ်ဆောင်မှုများကို အတူ လုပ်ပါ။

သင်က ထိန်းချူပ်လျက် နယ်နိမိတ်များ သတ်မှတ်ပြီး စောင့်ကြည့်စစ်ဆေးသောအခါ ဆေးခြောက်၊ အရက် သို့မဟုတ် အခြားမူးယစ်ဆေးဝါးများကို ရှောင်ကြည်ရန် သင့်ဆယ်ကျော်သက်များအား သင်ကူညီနိုင်သည်။

ရင်းနှီးသော သံယောဇဉ်ကို ဖန်တီးပါ။

မိဘများ နှင့်/သို့မဟုတ် ပြုစုစောင့်ရှောက်မှု ပေးသူများသည် ၎င်းတို့၏ ဘဝတွင် ပါဝင်လာပြီး အခါ ဆယ်ကျော်သက်များက မိဘများနှင့် ရင်းနှီးသည်ဟု ခံစားရသောအခါ ဆယ်ကျော်သက်များသည် ဆေးခြောက်၊ အရက် သို့မဟုတ် အခြားမူးယစ်ဆေးဝါးများကို သောက်ရန် သို့မဟုတ် အသုံးပြုရန် ဖြစ်နိုင်ခြေ နည်းပါးသည်။ မိသားစု သံယောဇဉ် ပိုမို တိုးပွားလာစေရန်

  • နေ့စဉ် နှစ်ယောက်ချင်း အချိန် အနည်းဆုံး ၁၅ မိနစ် သင့်ကလေးအတွက် ပေးပါ။
  • ပျော်စရာ လုပ်ဆောင်မှုများကို အတူတကွ လုပ်ဆောင်ပါ။
  • သင့် ကလေး ပြုလုပ်သည့် ကျန်းမာရေးနှင့် ညီညွတ်သော ရွေးချယ်မှုများနှင့် ပတ်သက်၍ အပြုသဘောဆောင်သော တုံ့ပြန်မှု ပေးပါ။
  • အတူတကွ စားသောက်ပါ။

ရှင်းလင်းသော နယ်နိမိတ်များ သတ်မှတ်ပါ။

ရှင်းလင်းသော စည်းကမ်းချက်များကို စောစီးစွာ ချမှတ်ပါ၊ တစ်သမတ်တည်းဖြစ်ပါစေ၊ လမ်းညွှန်ချက်များနှင့် ပတ်သက်၍ မကြာခဏ ဆွေးနွေးပြောဆိုပါ။ နယ်နိမိတ်များ သတ်မှတ်ရန်

  • သင့်မျှော်မှန်းချက်များနှင့် ပတ်သက်၍ ပုံမှန် စကားစမြည်ပြောဆိုမှု ပြုလုပ်ပါ။
  • သင့်စည်းကမ်းချက်များကို ဖောက်ဖျက်သည့် အခါတိုင်း တရားမျှတကာ တစ်သမတ်တည်းဖြစ်သည့် အပြစ်ဒဏ်ပေးမှုကို အသုံးပြုပါ။
  • သူငယ်ချင်းများနှင့် အပြုသဘောဆောင်သည့် ဆက်ဆံရေး ထားရှိရန် သင့် ကလေးများအား ကူညီပါ။
  • မူးယစ်ဆေးဝါးကို ဆန့်ကျင်သည့် နည်းလမ်းများကို ကျင့်သုံးရန် သင့်ကလေးအား ကူညီပါ။

တုံ့ပြန်မှုများကို စောင့်ကြည့်စစ်ဆေးပါ။

သင့် ဆယ်ကျော်သက်များသည် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်နေကြသနည်း၊ မည်သည့်နေရာသို့ သွားမည်နည်း၊ မည်သူနှင့်အတူ အချိန်ကုန်ဆုံးစေသနည်း၊ ဆိုသည်ကို အမြဲ သိရှိပါ။ ဘေးအန္တရာယ်ကင်းပြီး ပျော်စရာ လှုပ်ရှားဆောင်ရွက်မှုများ စီစဉ်ရန် ၎င်းတို့အား ကူညီပါ။

  • သင် မည်သည့်နေရာသို့ သွားမည်နည်း၊
  • သင် မည်သည့်အရာကို လုပ်ဆောင်မည်နည်း၊
  • သင်နှင့်အတူ မည်သူတွေ ရှိနေမည်နည်း။
  • သင် မည်သည့်အချိန် အိမ်ပြန် ရောက်မည်နည်း။
  • အရက်၊ ဆေးခြောက် သို့မဟုတ် အခြားမူးယစ်ဆေးဝါးများ ပါမည်လား။

အရက်၊ ဆေးခြောက်နှင့် အခြားမူးယစ်ဆေးဝါးများ အသက်မပြည့်မီ သုံးစွဲမှု၏ အန္တရာယ်များမှာ အဘယ်နည်း။

အရက်၊ ဆေးခြောက်နှင့် အခြားမူးယစ်ဆေးဝါးများကို စောစီးစွာ သုံးစွဲမှုသည် ဆယ်ကျော်သက်များအား ပိုမိုကြီးမားသည့် စွဲစေသည့် အန္တရာယ်နှင့် အခြား ကျန်းမာရေး ပြဿနာများ၊ ကျောင်းတွင် ကျရှုံးခြင်းအပြင် ဖမ်းဆီးမှုကြောင့် ကန့်သတ်ခံရသည့် သက်မွေးဝမ်းကျောင်းအလုပ် ရွေးချယ်မှုများနှင့် ပညာရေး ကင်းမဲ့မှုတို့ကို ကျရောက်စေသည်။ အရက်၊ ဆေးခြောက်နှင့် အခြားမူးယစ်ဆေးဝါးများကို သုံးစွဲမှုသည်

  • ဆယ်ကျော်သက်တစ်ယောက်၏ ဦးနှောက် တိုးတက်မှုကို ထိခိုက်နစ်နာမှု ဖြစ်ပေါ်စေနိုင်သည်။ အရက်၊ ဆေးခြောက်နှင့် အခြားမူးယစ်ဆေးဝါးများသည်  လှုပ်ရှားမှုကို ဟန်ချက်ညီအောင် ထိန်းချုပ်သည့် ဦးနှောက်၏ ဧရိယာများကို နှောင့်ယှက်နိုင်ပြီး ကြွက်သား အာရုံကြောနှိုးဆွမှုကို ထိန်းချုပ်မှု၊ မှတ်ဉာဏ်၊ သင်ယူမှုနှင့် ဆင်ခြင်မှုအပေါ်တွင် ရေရှည်ဖြစ်သော သက်ရောက်မှု ရှိနိုင်သည်။ ဆယ်ကျော်သက်တစ်ယောက်၏ ဦးနှောက်သည် တိုးတက်နေဆဲဖြစ်သောကြောင့် ဤသက်ရောက်ထိခိုက်မှုများကို ပို၍ ခုခံနိုင်စွမ်း မရှိပေ။
  • စွဲစေတတ်ခြင်းသို့ ဦးတည်သွားနိုင်သည်။ အသက် ၁၅ နှစ် မတိုင်မီ အရက်သောက်သည့် ကလေးငယ်များသည် လူကြီးများကဲ့သို့ အရက် ပြဿနာများ ဖြစ်ပေါ်ရန် လေးဆပို၍ အလားအလာရှိသည်။ အသက် ၁၈နှစ် မတိုင်မီ ဆေးခြောက် စတင် သုံးစွဲသူများသည် ဆေးခြောက် သုံးစွဲမှုဆိုင်ရာ စိတ်ဖောက်ပြန်ခြင်း ဖြစ်ပေါ်ရန် ဆေးခြောက်သုံးစွဲမှုကို  လေးဆမှ ခုနစ်ဆ ပို၍ အလားအလာရှိသည်။
  • ဆယ်ကျော်သက် သေဆုံးမှုများ၏ ထိပ်တန်းအကြောင်းရင်းသုံးခုနှင့် ဆက်စပ်နေသည်။ မတော်တဆမှုများ (ယာဉ်တိုက်မှုကြောင့် သေဆုံးမှုများနှင့် ရေနစ်ခြင်းအပါအဝင်)၊ လူသတ်မှုနှင့် မိမိကိုယ်မိမိ သတ်သေခြင်း။

အသက်မပြည့်သေးသူ ဆေးဝါးသုံးစွဲမှု၏ အန္တရာယ်များအကြောင်း အချက်အလက်များကို ရယူပါ။

ကျန်းမာရေးနှင့် ညီညွတ်သည့် အလေ့အကျင့်များ အတူတကွ ထူထောင်ခြင်း။

ကျန်းမာရေးနှင့် ညီညွတ်သည့် အလေ့အကျင့်များ ထူထောင်ရန်၊ ရည်မှန်းချက်များ ချမှတ်ရန် နှင့် ကုစားရန်အတွက် ကျန်းမာရေးနှင့် ညီညွတ်သည့် နည်းလမ်းများကို ကျင့်သုံးရန် သင့် ဆယ်ကျော်သက်ကို ကူညီပါ။

  • ရည်မှန်းချက်များ ချမှတ်ပါ။ ရည်မှန်းချက်များ ချမှတ်ခြင်းသည် ရည်ရွယ်ချက် အသိအား လူများကို ပေးပြီး အပြုသဘောဆောင်သည့် အနာဂတ်တွင် ၎င်းတို့ကို ယုံကြည်စေရန် အထောက်အကူပြုသည်။ ယခုလက်ရှိအခြေအနေသည် ခက်ခဲကောင်း ခက်ခဲနိုင်သည်၊ သို့သော် အနာဂတ်အခွင့်အလမ်းများနှင့် ပတ်သက်၍ အကောင်းမြင်ခြင်း ရှိသောအခါ ကိုင်တွယ်ဖြေရှင်းရ ပိုမို လွယ်ကူပေသည်။ အနာဂတ်တွင် ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်လိုသည်ကို သင့် ဆယ်ကျော်သက်နှင့် ပြောဆိုဆွေးနွေးပြီး ၎င်းတို့အား အစီအစဉ် ပြုလုပ်နိုင်ရန် ကူညီပါ။
  • ကျန်းမာရေးနှင့် ညီညွတ်သည့် အလေ့အကျင့်များ တည်ဆောက်ခြင်း၊ ကောင်းစွာ စားသောက်ခြင်း၊ အိပ်ရေးဝဝ အိပ်ခြင်းနှင့် လေ့ကျင့်ခန်းများသည် ကျန်းမာရေးနှင့် စိတ်နေစိတ်ထားကို အားပေးမြှင့်တင်ပေးသည်။ ကောင်းမွန်သော အလေ့အကျင့်များကို ဖြစ်မြောက်စေသည့် ဖွဲ့စည်းတည်ဆောက်ပုံ (ပုံမှန် စားသောက်ချိန်များကဲ့သို့) ကို ပေးအပ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် အလေ့အကျင့်များသည် အဘယ်ကြောင့် အလွန် အရေးပါပုံအကြောင်း သင့် ဆယ်ကျော်သက်ကို ပြောပြဆွေးနွေးပါ။ ကောင်းမွန်သော အလေ့အကျင့်များကို အားကောင်းစေပြီး ကျင့်သုံးရန် နည်းလမ်းများကို အတူတကွ မဟာဗျူဟာ ချမှတ်ပါ။
  • ကုစားနိုင်သည့် ကျွမ်းကျင်မှုများကို တည်ဆောက်ခြင်း၊ ဆယ်ကျော်သက်များ ဖိစီးမှု သို့မဟုတ် စိုးရိမ်ပူပန်ခြင်းကို ခံစားနေရသောအခါ ၎င်းတို့ ပိုမို သက်သာစွာ ခံစားရစေရန် အကူအညီပေးသည့် လှုပ်ရှားဆောင်ရွက်မှုများကို ဆယ်ကျော်သက်များ ဖော်ထုတ်ရန် အရေးကြီးသည်။ သင့် ဆယ်ကျော်သက်နှင့် ပတ်သက်လျှင် ၎င်းတို့၏ ဘဝထဲသို့ ဤ လှုပ်ရှားဆောင်ရွက်မှုများကို ပေါင်းစည်းမည့် နည်းလမ်းများကို ရှာဖွေပါ၊ ၎င်းသည် ညနေစာ စားပြီးနောက် အိမ်နောက်ဖေး ကွက်လပ်တွင် ဘောလုံးပစ်နေခြင်၊ အိမ်နီးနား ပတ်ဝန်းကျင်တွင် လမ်းလျှောက်ထွက်ခြင်း၊ နေ့စဉ် အနုပညာ အားလပ်ချိန်၊ သို့မဟုတ် ၁၀ ထိ ရိုးရှင်းစွာ ရေတွက်ခြင်းနှင့် အရာရာ ထိန်းချုပ်မှုမဲ့နေသည်ဟု ခံစားရသောအခါ အသက် ဝဝရှူခြင်းတို့ဖြစ်သည်။

ပံ့ပိုး ထောက်ကူမှု ရယူပါ။

သင့် ဆယ်ကျော်သက်နှင့် သင့်အတွက် အကူအညီ တောင်းခံရန်မှာ အဆင်ပြေပါသည်။ အောက်ပါ အရင်းအမြစ်များအားလုံးသည် TSR 711 နှင့် ဘာသာစကား ရယူသုံးစွဲရေး ဝန်ဆောင်မှုကို ပေးအပ်သည်။

  • Teen Link သည် လေ့ကျင့်ပေးထားသည့် ဆယ်ကျော်သက်များနှင့် ဖုန်းဆက်ခြင်း၊ စာတိုပို့ခြင်း သို့မဟုတ် စကားပြောခြင်းဖြင့် ဆယ်ကျော်သက်များ ည ၆ မှ ၁၀ နာရီ PT အထိ ရယူသုံးစွဲနိုင်သည့် အခမဲ့၊ လျှို့ဝှက် အကူအညီပေးရေး လိုင်းတစ်ခုဖြစ်သည်။ သင့်ကလေးသည် ၎င်းတို့၏ စိတ်တွင် ရှိသမျှ မည်သည့်အရာ အကြောင်းကိုမဆို သူတို့နှင့် ပြောဆိုဆွေးနွေးနိုင်သည်။ 1-866-TEENLINK (833-6546) တွင် ဖုန်းဆက်ရန်၊ စာတိုပို့ရန် သို့မဟုတ် စကားပြောရန် သင့်ဆယ်ကျော်သက်အား တိုက်တွန်းပါ။ ဓာတ်ပစ္စည်း သုံးစွဲမှု ကာကွယ်တားဆီးရေးတွင် အထူးပြုထားသည့် ကျွမ်းကျင်ဆရာဝန် တစ်ဦးနှင့် စကားပြောဆိုရန် လူကြီးများအနေဖြင့်လည်း Teen Link ကို ဖုန်းဆက်နိုင်သည်။ ပိုမိုသိရှိလိုပါက www.teenlink.org ကို ဝင်ရောက်ကြည့်ရှုပါ။

  • Washington Recovery Help Line သည် ဓာတ်ပစ္စည်း သုံးစွဲမှုဆိုင်ရာ စိတ်ဖောက်ပြန်ခြင်းများနှင့် စိတ်ကျန်းမာရေး စိန်ခေါ်မှုများနှင့် ရုန်းကန်လှုပ်ရှား နေသူများအတွက် ပံ့ပိုးထောက်ကူမှုကို ကမ်းလှမ်းပေးအပ်သည့် အမည်မဖော်ပြသော၊ လျှို့ဝှက် ၂၄ နာရီ အကူအညီပေးရေး လိုင်းတစ်ခုဖြစ်သည်။ 1-866-789-1511 ကို ဖုန်းဆက်ပါ သို့မဟုတ် ပိုမိုသိရှိလိုပါက WARecoveryHelpLine.org ကို ဝင်ရောက်ကြည့်ရှုပါ။

  • ဝမ်းနည်းခြင်း၊ စိုးရိမ်ပူပန်မှုနှင့် စိတ်ဖိစီးမှုကို ခံစားနေရသူများအတွက် Washington Listens က ပံ့ပိုးထောက်ကူမှု ပေးအပ်သည်။ တနင်္လာမှ သောကြာ၊ နံနက် ၉ နာရီမှ ည ၉ နာရီအထိ နှင့် စနေ၊ တနင်္ဂနွေနေ့များတွင် နံနက် ၉ နာရီမှ ညနေ ၆ နာရီ PT အထိ ဝန်ထမ်းများ ထားရှိသည်။ ပိုမိုသိရှိလိုပါက Washington Listens ပေါ်တယ်ကို ဝင်ရောက်ကြည့်ရှုပါ။